မိုးညှင်းမြို့နယ် အင်ကြင်းကုန်းကျေးရွာနေ ပြည်သူများအတွက် ရက် ၁၀၀ စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန်များ ဆောင်ရွက်ပေး

 


မြစ်ကြီးနား မေ ၇

 

ခရိုင်/မြို့နယ်/ကျေးရွာ မြေငှားဂရမ် ထုတ်ပေးရေးလုပ်ငန်းအဖွဲ့ဝင်များ၏ ရက် ၁၀၀ စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန်ထုတ်ပေးခြင်းကို ယနေ့နံနက်ပိုင်းက မိုးညှင်းမြို့နယ် အင်ကြင်းကုန်းကျေးရွာခန်းမ၌ ပြုလုပ်သည်။

 

အခမ်းအနားတွင် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အမှာစကားပြောကြားပြီး ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးက ကျေးရွာများတွင် ကျေးလက်နေပြည်သူများ ပိုင်ဆိုင်နေထိုင်ကြသည့် အိမ်ခြံမြေကွက်များကို ရက် ၁၀၀ စီမံချက်ဖြင့် မြေငှားဂရန်ထုတ်ပေးလျက်ရှိသည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အင်ကြင်းကုန်းကျေးရွာနေပြည်သူများအတွက် ရက် ၁၀၀ စီမံချက်ဖြင့် ဆောင်ရွက်ပေးသော ကျေးရွာမြေငှားဂရန်များကို ပေးအပ်ကြသည်။

 

ယင်းနောက် ရပ်မိရပ်ဖတစ်ဦးက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များ တင်ပြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာကဏ္ဍအလိုက် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးပြီး မြေငှားဂရန်လျှောက်ထားမှုအပေါ် စိစစ်ဆောင်ရွက်ပေးနေမှု အခြေအနေကို ကြည့်ရှုစစ်ဆေးသည်။

 

ဆက်လက်၍ အဆိုပါကျေးရွာ ကွင်းအမှတ် ၃၁၉ အတွင်းရှိ ပိုင်ရှင် ဦးအုန်းကျော်၏ မိုးစပါး စိုက်လယ်အတွင်း သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)ကြဲပက်မှုကို ကြည့်ရှုအားပေးပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ တောင်သူများ၏ စိုက်ပျိုးရေ၊ ဓာတ်မြေသြဇာ၊ မျိုးစပါးလိုအပ်ချက်နှင့် ထွန်ယက်နိုင်ရေးအတွက် စက်သုံးဆီလိုအပ်ချက်များ တင်ပြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)

No comments

Powered by Blogger.