လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ မှုခင်းကျဆင်းရေး အသိပညာပေးဟောပြော





ရန်ကုန် မေ ၁၇


ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ(အ‌ရှေ့ပိုင်း)မြို့နယ်၌ ရပ်ရွာ အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် အင်းစိန်ခရိုင် ရဲတပ်ဖွဲ့နှင့်  မြို့နယ်ရဲတပ်ဖွဲ့တို့က ယမန်နေ့ မွန်းလွဲပိုင်းတွင် ရွှေလင်ဗန်း စက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီရုံး ကနောင်ခန်းမ၌ ပြုလုပ်သည်။


 ဦးစွာ အင်းစိန်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မျိုးအောင်မြင့် က ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ရဲတပ်ဖွဲ့မှ ဆောင်ရွက်နေသည့် လုပ်ငန်းတာဝန်များကို ရှင်းလင်း ဟောပြောခြင်း၊ လှိုင်သာယာ(အနောက်ပိုင်း) ယာဉ်ထိန်းတပ်ဖွဲ့စုမှူး ဒုတိယရဲမှူး မြတ်မင်းကိုကိုက ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောတာကလူထူးက ရပ်ရွာအေးချမ်းသာယာရေးအတွက် ပြည်သူ ပူးပေါင်းပါဝင်ရေး၊ ရွှေလင်ဗန်းစက်မှုဇုန် မီးသတ်တပ်ဖွဲ့မှ ဦးစီးမှူး ဦးသိန်းစိုးက မီးအသိ မီးသတိပညာပေးဟောပြောခြင်းနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မင်းသန့်ဇော်က မှုခင်းကျဆင်းရေးနှင့် တရားဥပဒေစိုးမိုးရေး အတွက် ပြည်သူလူထုပူးပေါင်းပါဝင်ရေးတို့ကို အသိပညာပေး ဟောပြောခဲ့ကြောင်းသိရသည်။


မြို့နယ်(ပြန်/ဆက်)

No comments

Powered by Blogger.