ကြာအင်းဆိပ်ကြီးမြို့၌ ကျောင်းနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေး စုပေါင်းဆောင်ရွက်

 



ကြာအင်းဆိပ်ကြီး မေ ၁၇


ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၌ ကျောင်းသား ကျောင်းသူများ ကျန်းမာရေးနှင့်ညီညွတ်စွာ ပညာသင်ကြားနိုင်ရေး ကျောင်းပတ်ဝန်းကျင်နှင့် ကျောင်းအဆောက်အအုံများ စုပေါင်းသန့်ရှင်းရေးကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၆)ရပ်ကွက် အမက(၃)နှင့် အမက(၆)တို့၌ ဆောင်ရွက်သည်။


စုပေါင်းသန့်ရှင်းရေးကို ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းအကျိုးတော်ဆောင် အဖွဲ့များ၊ ကျောင်းသားမိဘများ၊ မြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး ကြီးကြပ်ကွပ်ကဲမှုအဖွဲ့ဝင်များ စုပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


မြို့နယ်(ပြန်/ဆက်)

No comments

Powered by Blogger.