ပင်းတယမြို့နယ်၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ပေးအပ်
ပင်းတယ မေ ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်းတယမြို့၌
မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေပေးအပ်ပွဲကို
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရုံး အစည်းအဝေးခန်းမ(၁)၌ မေ ၁၄ ရက်က ကျင်းပသည်။
ဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့
အလုပ်အမှုဆောင် ကော်မတီဝင် (စီးပွား/ဘဏ္ဍာ) ဦးဟိန်းထက်ဇော်က အမှာစကား ပြောကြားသည်။
ထို့နောက် တာဝန်ရှိသူများက တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေများ ပေးအပ်ကြသည်။
အဆိုပါစိုက်ပျိုးစရိတ်ချေးငွေမှာ တစ်ဧကလျှင်
ကျပ်သုံးသိန်းနှုန်းဖြင့် တောင်သူစုစုပေါင်း ၁၄၅၁ ဦးအတွက် ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း
သိရသည်။
အောင်ကိုဦး(ပြန်/ဆက်)

No comments