ရန်ကင်းမြို့နယ်၌ သားဆက်ခြားနည်းလမ်းများအကြောင်း အသိပညာပေးဟောပြော

 




ရန်ကုန် မေ ၁၇


ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ်၌ မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့က ကြီးမှူး၍ ကျိုက္ကဆံရဲရိပ်သာဝင်း အတွင်းရှိ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း (ကျိုက္ကဆံ ရဲရိပ်သာ) သားဖွားခန်း၌ ကိုယ်ဝန်ဆောင်မိခင်များ၊ အမျိုးသမီးများအား သားဆက်ခြားနည်းလမ်းများအကြောင်း အသိပညာပေး ဟောပြောခြင်းကို ယမန်နေ့နံနက်ပိုင်းတွင် ဆောင်ရွက်သည်။


ဦးစွာ ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌက အမှာစကားပြောကြားသည်။ ဆက်လက်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ခံ ဒေါက်တာကျော်ဇင်ဦး က ကိုယ်ဝန်ဆောင်မိခင်များ၊ အမျိုးသမီးများအား သားဆက်ခြားနည်းလမ်းများအကြောင်း အသိပညာပေး ဟောပြောပေးပြီး ကိုယ်ဝန်ဆောင်မိခင်များနှင့် အမျိုးသမီးများအား ငှက်ပျောသီး၊ ကြက်ဥ၊ အိုင်အိုဒင်းဆားနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။


လှလှထွေး(ပြန်/ဆက်)

No comments

Powered by Blogger.