ဂျပန်နိုင်ငံတစ်ဝန်း၌ ဝက်သက်ရောဂါကူးစက်မှု မြင့်တက်လျက်ရှိ



တိုကျို မေ ၁

ဂျပန်နိုင်ငံတစ်ဝန်း၌ ဝက်သက် ရောဂါကူးစက်မှုသည် ၂၀၂၀ ပြည့်နှစ်မှစ၍ အလျင်မြန်ဆုံးနှုန်းဖြင့် မြင့်တက်လျက်ရှိသည်။


ဝက်သက်ရောဂါပိုးသည် လေထဲတွင်သာမက ရုပ်ပိုင်းဆိုင်ရာထိတွေ့ခြင်းမှလည်း ကူးစက်နိုင်သော ကူးစက်မြန် ဗိုင်းရပ်စ် တစ်မျိုးဖြစ်သည်။ ပြင်းထန်စွာရောဂါခံစားရပါက သေဆုံးသည်အထိ ဖြစ်နိုင်သည်။


ရောဂါလက္ခဏာများမှာ ဖျား ခြင်း၊ ချောင်းဆိုးခြင်းနှင့် အဖုများ ထွက်ခြင်းတို့ ပါဝင်သည်။


ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ရောဂါကူးစက်ခံရသူ ၅၇ ဦးအထိရှိကြောင်း ဂျပန်ကျန်းမာရေးအင်စတီကျု၏ အစီရင် ခံစာအရ သိရသည်။


ယခုနှစ်အတွင်း ရောဂါကူးစက် ခံရသူပေါင်း ၃၆၂ ဦးရှိပြီး ယမန်နှစ် ကူးစက်မှုအရေအတွက် ၂၆၅ ဦးထက် ကျော်လွန်သွားခဲ့ သည်။


အဆိုပါ ရောဂါကူးစက်ခံရသူ ၇၀ ရာခိုင်နှုန်းခန့်သည် နိုင်ငံအတွင်း၌ ကူးစက်ခံထားရခြင်းဖြစ်သည်။


ဂျပန်နိုင်ငံက ဝက်သက်ရောဂါကင်းရှင်းကြောင်း ကြေငြာထားသည့်အတွက် အဆိုပါ ရောဂါကူးစက်ခံရသူများသည် ရောဂါပိုး သယ်ဆောင်လာသူတစ်ဦးမှ စတင်ကူးစက်ဖွယ်ရှိကြောင်း ကျန်းမာရေးအာဏာပိုင်များက သုံးသပ် ပြောကြားသည်။


ကာကွယ်ဆေးထိုးနှံမှုသည် ရောဂါပိုးကူးစက်မှုကို တားဆီးနိုင်ကာ ကူးစက်ခံရသူများ၏ လက္ခဏာများကို လျော့ပါးစေပြီး ရောဂါပြန့်ပွားမှုအန္တရာယ်ကို လျှော့ချနိုင်ကြောင်း ကာဝါဆာကီမြို့ ပြည်သူ့ကျန်းမာရေး အင်စတီကျုမှ တာဝန်ရှိသူ အိုကာဘီ နိုဘူဟီကိုက ပြောကြားသည်။


အသက်တစ်နှစ်အရွယ်မှစပြီး အသက် ငါးနှစ်အထိ ကာကွယ်ဆေးနှစ်ကြိမ်ထိုးသင့်ကြောင်း ၎င်းက ဆက်လက်ပြောကြား ခဲ့သည်။


ကာကွယ်ဆေးမထိုးရသေးသော ကလေးငယ်များအနေဖြင့် ရောဂါပိုးကူးစက်ခံရပါက နောက်ဆက်တွဲပြဿနာများ ပိုမိုဆိုးရွားစွာ ဖြစ်ပေါ်စေနိုင်ကြောင်း ၎င်းက မိဘများအား တိုက်တွန်းပြောကြားခဲ့သည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်

No comments

Powered by Blogger.