ဂျပန်ဝန်ကြီးချုပ် တာကာချီ ဆာနေး ဗီယက်နမ်နိုင်ငံ မြို့တော်ဟနွိုင်းသို့ ယနေ့ ရောက်ရှိ



တိုကျို မေ ၁

ဂျပန်ဝန်ကြီးချုပ် တာကာချီ ဆာနေးက ဗီယက်နမ်နိုင်ငံ မြို့တော်ဟနွိုင်းသို့ ယနေ့ ရောက်ရှိခဲ့သည်။


ဆာနေးက ဗီယက်နမ်နှင့် သြစတြေးလျနိုင်ငံ တို့သို့ ငါးရက်ကြာ ခရီးထွက်ခွာလျက်ရှိသည်။ အဆိုပါ ခရီးစဉ်သည် စွမ်းအင်နှင့် အရေးကြီးသောပစ္စည်းများ အထောက်အပံ့ ရရှိရန် ရည်ရွယ်ခြင်းဖြစ်သည်။


အရှေ့အလယ်ပိုင်းတွင် တင်းမာမှုများ မြင့်တက်လျက်ရှိစဉ် အာရှတစ်လွှား၌ ထောက်ပံ့ရေးကွင်းဆက်များ အားကောင်း စေရန် နိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှုသည် အရေးကြီးကြောင်း ဆာနေးက ခရီးစဉ်မစတင်မီ ဟာနီဒါလေဆိပ်၌ သတင်းထောက်များအား ပြောကြားခဲ့သည်။


ဝန်ကြီးချုပ် တာကာချီဆာနေးက ဗီယက်နမ် ကွန်မြူနစ်ပါတီ၏ အထွေထွေအတွင်းရေးမှူး သမ္မတ တိုလမ်နှင့် ဝန်ကြီးချုပ် လီမင်ဟန်တို့နှင့် တွေ့ဆုံမည်ဖြစ်သည်။

ရေနံမှရရှိသော ဆေးဘက်ဆိုင်ရာ ထုတ်ကုန် များနှင့် စွမ်းအင်ရရှိရေးတို့အတွက် ပိုမိုခိုင်မာသော ပူးပေါင်းဆောင်ရွက်မှုကို ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။


ထို့ပြင် ပစိဖိတ်ဖြတ်ကျော် မိတ်ဖက်ဆက်ဆံရေး ကုန်သွယ်မှုဆိုင်ရာ သဘောတူညီချက်အပါအဝင် ကမ်းရိုးတန်းစောင့် တပ်ဖွဲ့များ၏ စွမ်းဆောင်ရည်နှင့် အခြားသော လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကိုလည်း ဆွေးနွေးဖွယ် ရှိကြောင်း သိရသည်။


မေ ၄ ရက်တွင် ဆာနေးက သြစတြေးလျ ဝန်ကြီးချုပ် အယ်လ်ဘာနီးစ်နှင့် တွေ့ဆုံပြီး ဓာတ်ငွေ့ရည်နှင့် အရေးကြီးသော သယံဇာတများ ပြတ်လပ်မှုမရှိစေရန် အတူတကွ ပူးပေါင်းလုပ်ဆောင်မည့် နည်းလမ်းများကို ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် -‌ အောင်ကျော်ကျော် 

No comments

Powered by Blogger.