အာဆင်နယ်အသင်း ပရီမီယာလိဂ်ချန်ပီယံဖြစ်ရန် ရာနှုန်းပြည့်နီးစပ်လာ

 



အာဆင်နယ်အသင်းဟာ မေ ၁၉ ရက် နံနက်ပိုင်းက အိမ်ကွင်း အမ်းမရိတ်၌ ဘန်လေအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီမီယာလိဂ် ပွဲစဉ်မှာ အနိုင်ရရှိခဲ့ပြီး‌နောက် ပရီမီယာလိဂ် ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ဖို့ ရာနှုန်းပြည့်နီးစပ် လာခဲ့ပြီဖြစ်ပါတယ်။


အာဆင်နယ်အသင်းနဲ့ ဘန်လေ အသင်းတို့ပွဲစဉ်မှာ အာဆင်နယ်အသင်းအတွက် အဖိုးတန်အနိုင်ဂိုးကို ပထမပိုင်းပွဲကစားချိန် ၃၇ မိနစ်မှာ    ဘူကာယိုဆာကာရဲ့ ထောင့်ကန်ဘောကနေတစ်ဆင့် ကိုင်ဟာဗက်ဇ်က ခေါင်းတိုက်သွင်းယူပေးခဲ့တာဖြစ်ပါတယ်။


ငါးမှတ်အထိ ဖြတ်ထားနိုင်ခဲ့


အခုနိုင်ပွဲကြောင့်  အာဆင်နယ်အသင်းဟာ  အမှတ်ပေးဇယား ဒုတိယနေရာက မန်စီးတီးအသင်းကို  ငါးမှတ်အထိဖြတ်ထားနိုင်ခဲ့ပြီး မန်စီးတီးအသင်းအနေနဲ့ ဘုန်းမောက်အသင်းနဲ့  ယှဉ်ပြိုင်ကစားမယ့် ပရီမီယာလိဂ်ပွဲစဉ်မှာ    ခြေချော်ခဲ့ပါက   အာဆင်နယ်အသင်းဟာ လက်ကျန်တစ်ပွဲအလိုမှာ ပရီမီယာလိဂ်ဖလားချန်ပီယံအဖြစ် အောင်ပွဲ ခံနိုင်မှာ ဖြစ်ပါတယ်။


အာဆင်နယ်အသင်းဟာ  ပရီမီယာလိဂ်ဖလားကို ၂၀၀၄ ခုနှစ်က နောက်ဆုံးဆွတ်ခူးနိုင်ခဲ့တာဖြစ်ပြီး လက်ရှိနည်းပြ အာတီတာလက်ထက်မှာ ပရီမီယာလိဂ်ဖလားကို တစ်ကြိမ်မှ ဆွတ်ခူးနိုင်သေးခြင်းမရှိသေးတာ ဖြစ်ပါတယ်။   ယခုဘောလုံးရာသီမှာ   ချန်ပီယံဖြစ်ခဲ့ပါက  နည်းပြ အာတီတာအနေနဲ့ အာဆင်နယ်အသင်းနဲ့အတူ ပရီမီယာလိဂ်ဖလားပထမဆုံးဆွတ်ခူးနိုင်မှာ ဖြစ်တဲ့အပြင် အာဆင်နယ်အသင်းအနေနဲ့လည်း နှစ်ပေါင်း ၂၂ နှစ်တာကာလအတွင်း ပရီမီယာလိဂ်ဖလားကို ပထမဆုံး အကြိမ် ကိုင်မြှောက်အောင်ပွဲခံခွင့်ရရှိမှာလည်း ဖြစ်ပါတယ်။


ငွေကြယ်

No comments

Powered by Blogger.