ဇေယျာသီရိမြို့နယ်အတွင်း ကျေးလက်ဒေသအမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်

 


နေပြည်တော် မေ ၃၁

 

ပြည်ထောင်စုနယ်မြေ နေပြည်တော်အမျိုးသမီးရေးရာအဖွဲ့က ဇေယျာသီရိမြို့နယ်အတွင်းရှိ ကျေးလက်ဒေသအမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံချက်ကျေးရွာသို့ ယမန်နေ့နံနက်ပိုင်းတွင် ကွင်းဆင်းဆောင်ရွက်သည်။

 

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် နေပြည်တော်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်စိုးပပ၊ အတွင်းရေးမှူး ဒေါ်သင်းသင်းခိုင်နှင့်အဖွဲ့ဝင်များသည် ဝက်စုကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ကျေးရွာနေ အမျိုးသမီး ဆယ်အိမ်စုမှူးများနှင့် တွေ့ဆုံခဲ့ရာ နေပြည်တော် အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌက အမှာစကားပြောကြားသည်။

 

ကြည့်ရှုစစ်ဆေး

ထို့နောက် တာဝန်ရှိသူများက အမျိုးသမီးဆယ်အိမ်စုမှူးများအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။ ဆက်လက်၍ နေပြည်တော် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက စီမံချက်ကျေးရွာအတွင်း အိမ်တွင်း၊ အိမ်ပြင်နှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး လုပ်ငန်းများနှင့် မိုးရာသီကာလအတွင်း ကူးစက်ရောဂါမဖြစ်ပွားစေရေးအတွက် ဆောင်ရွက်ထားရှိမှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ 

ထွန်းလင်း(ဇေယျာမြေ)

No comments

Powered by Blogger.