မင်းဘူး(စကု)မြို့နယ်၌ ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ

 


မင်းဘူး မေ ၃၁

 

မကွေးတိုင်းဒေသကြီး မင်းဘူး (စကု)မြု့နယ်၌ “ကျေးလက်ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲ (PublicTalk) ကို မေ ၃၀ ရက်က မောင်းမကန်ကျေးရွာရှိ ရွာလယ်ဓမ္မာရုံ၌ကျင်းပသည်။

 

ဦးစွာ မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဝင်းမြင့်က အမှာစကား ပြောကြားပြီး မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမောင်မောင်ကျော်က ပြည်သူ့စကားဝိုင်း ဆွေးနွေးပွဲများ ကျင်းပပြုလုပ်ရခြင်းနှင့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

 

ဆက်လက်ပြီး ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မင်းဘူးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်မြေစာရင်းဦးစီးဌာနတို့မှ တာဝန်ရှိသူများက ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော ဒေသခံပြည်သူများ၏ သိရှိလိုသော မေးမြန်းချက်များအပေါ် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။ 

မောင်မောင်(မင်းဘူး)

No comments

Powered by Blogger.