ရေကြောင်းနှင့် လေကြောင်းလူငယ်သင်တန်းများ သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ သင်တန်းစခန်းများတွင် လေ့ကျင့်သင်ကြားပေးလျက်ရှိ

 


နေပြည်တော် မေ ၇

 

ကျောင်းသား၊ ကျောင်းသူ မျိုးဆက်သစ်လူငယ်မောင်မယ်များအား နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အသိပညာများဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ရက်များ အကျိုးရှိစေရန်၊ မိမိဝါသနာပါသည့်ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေရန်နှင့် နိုင်ငံတော်အတွက် ရေကြောင်းပညာ၊ လေကြောင်းပညာကျွမ်းကျင်သော အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ တပ်မတော်(ရေ)က ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများ၊ တပ်မတော်(လေ)က အခြေခံလေကြောင်းလူငယ်သင်တန်းနှင့် တန်းမြင့်လေကြောင်း လူငယ်သင်တန်းများကို ဧပြီ ၂၇ ရက်တွင် သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ သင်တန်းစခန်းများ၌ ဖွင့်လှစ်ခဲ့ပြီး လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။

 

ထိုသို့ လေ့ကျင့်သင်ကြားလျက်ရှိရာ ယနေ့တွင် ရေတပ်သားဘာသာရပ်၌ ပါဝင်သည့် ရေကြောင်း ဝေါဟာရ၊ ကျောက်ဆူးနှင့် ကျောက်ကြိုးသင်ခန်းစာ၊ ရေယာဉ်ကိုင်တွယ်မောင်းနှင်မှုနှင့် တက်မထိန်း သင်ခန်းစာ၊ ရေကူးဘာသာရပ်၌ပါဝင်သည့် ခြေခတ်၊ လက်ဆွဲမြေပြင်သင်ခန်းစာ၊ ပက်လက်ကူး၊ ပေါင်းစပ်ကူးခတ်ခြင်း၊ မှောက်လျက်ကူးသင်ခန်းစာများကို နေပြည်တော်ကောင်စီနယ်မြေရှိ နေပြည်တော် ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား သင်တန်းသူ ၉၅ ဦး၊ ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်မြို့ရှိအင်းယားရေကြောင်းလူငယ်စခန်းမှ သင်တန်းသား သင်တန်းသူ ၁၀၀၊ ကိုကိုးကျွန်းမြို့ရှိ ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား သင်တန်းသူ ၃၅ ဦး၊ ကရင်ပြည်နယ် ဘားအံမြို့ရှိ ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား သင်တန်းသူ ၁၂၀၊ ရှမ်းပြည်နယ် ကျိုင်းတုံမြို့ရှိ ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား သင်တန်းသူ ၆၀၊ ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမြို့ရှိ ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား သင်တန်းသူ ၅၀၊ ပုသိမ်မြို့ရှိ ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား သင်တန်းသူ ၆၅ ဦး၊ မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား သင်တန်းသူ ၆၀၊ တနင်္သာရီတိုင်းဒေသကြီး ဟိန်းဇဲဒေသရှိ ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား သင်တန်းသူ ၄၀၊ မြိတ်မြို့ရှိ ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား သင်တန်းသူ ၅၀၊ ကျွန်းစုမြို့ရှိ ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား သင်တန်းသူ ၅၀ နှင့် မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့ရှိ ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား သင်တန်းသူ ၇၅ ဦးတို့ကို သက်ဆိုင်ရာ နယ်မြေ အသီးသီးမှ တာဝန်ရှိသူနည်းပြများက လေ့ကျင့် သင်ကြားပေးလျက်ရှိသည်။

 

အလားတူ တပ်မတော်(လေ)က အခြေခံ လေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၁၀)နှင့် တန်းမြင့်လေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၉) သင်တန်းများကို ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ)၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် သင်တန်းစခန်း ၂၀ တွင် စုစုပေါင်း သင်တန်းသား ၁၀၄၄ ဦးဖြင့် ဖွင့်လှစ် သင်ကြားလျက်ရှိရာ မှော်ဘီမြို့ရှိ မြန်မာပြည်တောင်ပိုင်း သင်တန်းစခန်းမှ သင်တန်းသား ၆၃ ဦး၊ ရန်ကုန်မြို့ရှိ ရန်ကုန်သင်တန်းစခန်းမှ သင်တန်းသား ၅၀၊ နမ့်စန်မြို့ရှိ နမ့်စန်သင်တန်းစခန်းမှ သင်တန်းသား ၅၀၊ တောင်ကြီးမြို့ရှိ တောင်ကြီးသင်တန်းစခန်းမှ သင်တန်းသား ၆၀၊ တောင်ငူမြို့ရှိ တောင်ငူသင်တန်းစခန်းမှ သင်တန်းသား ၆၀၊ မုံရွာမြို့ရှိ မုံရွာသင်တန်းစခန်းမှ သင်တန်းသား ၅၀၊ ပုသိမ်မြို့ရှိ ပုသိမ်သင်တန်းစခန်းမှ သင်တန်းသား ၅၃ ဦး၊ မိတ္ထီလာမြို့ရှိ မိတ္ထီလာသင်တန်းစခန်းမှ သင်တန်းသား ၅၀၊ နေပြည်တော် ကောင်စီနယ်မြေရှိ နေပြည်တော်သင်တန်းစခန်းမှ သင်တန်းသား ၆၅ ဦးနှင့် ကျိုင်းတုံမြို့ရှိ ကျိုင်းတုံသင်တန်းစခန်းမှ သင်တန်းသား ၅၀ တို့အား အခြေခံ စစ်ရေးပြဘာသာရပ်၊ လေကြောင်းလူငယ် သမိုင်းဘာသာရပ်၊ လေကြောင်းပညာ သမိုင်းဘာသာရပ်၊ လေယာဉ်ပျံသန်းမှုအခြေခံသဘောတရား ဘာသာရပ်၊ လေကြောင်းဆိုင်ရာအခြေခံဗဟုသုတများ ဘာသာရပ်၊ Airfield Procedure ဘာသာရပ်၊ လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းနှင့် ဇာတိသွေး၊ ဇာတိမာန်ဘာသာ ရပ်၊ RC လေယာဉ်/ရဟတ်ယာဉ် မောင်းနှင်ခြင်း ဘာသာရပ်၊ RC Simulator နှင့် Flight Simulator မောင်းနှင်ခြင်းဘာသာရပ်များကို တာဝန်ရှိသူ နည်းပြများက လေ့ကျင့်သင်ကြားပေးလျက်ရှိပြီး ကျန်သင်တန်းစခန်းအသီးသီးတွင်လည်း ဆက်လက် လေ့ကျင့်သင်ကြား ပို့ချပေးလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်

No comments

Powered by Blogger.