ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီးအား လက်ခံတွေ့ဆုံ
နေပြည်တော် မေ ၇
ဆောက်လုပ်ရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် မြန်မာနိုင်ငံဆိုင်ရာ နီပေါ သံအမတ်ကြီး H.E.
Mr.Harishchandra Ghimire အား
ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဆောက်လုပ်ရေး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာ
- နီပေါ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မြဲစေရေးနှင့် ပြည်သူများ၏
လူမှုစီးပွားဘဝ ပိုမိုကောင်းမွန်လာစေရေးတို့အတွက် အခြေခံအဆောက်အအုံဆိုင်ရာ
ရင်းနှီးမြှုပ်နှံမှုများတွင် ပူးပေါင်း ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များ၊
ဒီဂျစ်တယ်နှင့် နည်းပညာဆိုင်ရာ ဖွံ့ဖြိုးရေးတွင် ပါဝင် ဆောင်ရွက်နိုင်မည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍
ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။ တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဝန်ကြီးဌာနမှ
တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
No comments