မိတ္ထီလာအကျဉ်းထောင်၌ မီးဘေးကြိုတင်ကာကွယ်ရေး လေ့ကျင့်သရုပ်ပြ
မိတ္ထီလာ မေ ၃
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့
မိတ္ထီလာအကျဉ်းထောင်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် လက်တွေ့မီးငြှိမ်းသတ်ခြင်း
ဇာတ်တိုက်လေ့ကျင့်သရုပ်ပြမှုကို ယနေ့နံနက် ၇ နာရီတွင် ဆောင်ရွက်သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မိတ္ထီလာမြို့
အကျဉ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးတင့်လွင် ဦးဆောင်သော အကျဉ်းဦးစီးဌာနဝန်ထမ်းများနှင့်
ဝန်ထမ်းမိသားစုဝင်များအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မီးသတ်ယာဉ်၊ မီးသတ်စက်ဖြင့်
လက်တွေ့မီးငြှိမ်းသတ်ခြင်း၊ မီးသတ်ဆေးဘူးများဖြင့် လက်တွေ့မီးငြှိမ်းသတ်ခြင်းများကို
ခရိုင်မီးသတ်စခန်းမှ ဦးစီးအရာရှိ ဦးသီဟအောင် ဦးစီးသော သန္ဓေတပ်ဖွဲ့ဝင်များက လက်တွေ့လေ့ကျင့်သရုပ်ပြသပေးခဲ့ကြောင်း
သိရသည်။
ချမ်းသာ(မိတ္ထီလာ)

No comments