နမ့်စန်မြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် မွေးမြူရေးဆိုင်ရာအသိပညာပေး
နမ့်စန်(တ) မေ ၃
ရှမ်းပြည်နယ် (တောင်ပိုင်း) နမ့်စန်မြို့နယ်၌
မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက မွေးမြူရေးကဏ္ဍတိုးတက်စေရန်အတွက် ရက်(၁၀၀)စီမံချက်ဖြင့်
အသိပညာပေးခြင်း၊ တိရစ္ဆာန် ကူးစက်ရောဂါကာကွယ်ဆေးထိုးလုပ်ငန်း လျာထားချက်ပြည့်မီစေရေးနှင့်
နို့စားနွားမွေးမြူမှု ဖွံ့ဖြိုးတိုးတက်စေရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက
ဟိုင်းနားလေးကျေးရွာတွင် ကွင်းဆင်းဆောင်ရွက်သည်။
ဦးစွာ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ
မြို့နယ်ဦးစီးမှူး ဒေါက်တာကျော်လင်းက ဟိုင်းနားလေးကျေးရွာရှိ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ
တောင်သူများအား တိရစ္ဆာန်ကူးစက်ရောဂါ နှင့် မွေးမြူရေးဆိုင်ရာများကို အသိပညာပေးဟောပြောပြီး
မွေးမြူရေး အသိပညာပေး လက်ကမ်း စာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့သည်။
ကွင်းဆင်းထိုးနှံပေး
ထို့နောက် မြို့နယ်ဦးစီးမှူး ဒေါက်တာ
ကျော်လင်းနှင့် ဝန်ထမ်းများက ဟိုင်းနားလေး ကျေးရွာအတွင်းရှိ ကျွဲ၊ နွား ကောင်ရေ ၁၃၅
ကောင်အား လည်ချောင်းကွဲရောဂါ ကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။
သူရအောင်(နမ့်စန်)

No comments