ချောင်းဆုံမြို့နယ်၌ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှု

 


မော်လမြိုင် မေ ၃

 

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မွန်ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမင်းမြင့်မောင်လေးနှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် ချောင်းဆုံမြို့နယ်၌ ပိုက်ဆံလျှော် မျိုးစေ့ကြဲပက်မည့်မြေနေရာနှင့် ကျေးရွာများရှိ ပန်းတိုင်သီးနှံများ စိုက်ပျိုးနိုင်မှုအခြေပြု စစ်တမ်းကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှုသည်။

 

ဦးစွာ ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးနှင့် တာဝန်ရှိသူများက တောင်စွန်းကျေးရွာရှိ မျိုးစေ့ထုတ်စိုက်ခင်း ပိုက်ဆံလျှော်စိုက်ပျိုးမည့်အခြေအနေများကို ကွင်းဆင်း ကြည့်ရှုကြပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

 

အမှာစကားပြောကြား

ဆက်လက်၍ ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးသည် ချောင်းဆုံမြို့နယ် ကမာမိုကျေးရွာ ရွှေဟင်္သာခန်းမရှိ ပန်းတိုင်သီးနှံများ စိုက်ပျိုးနိုင်မှုအခြေပြုစစ်တမ်းကောက်ယူမှု ပြုလုပ်နေသည့် တောင်သူများနှင့် တွေ့ဆုံအမှာစကား ပြောကြားသည်။

 

ဆက်လက်၍ ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးနှင့် တာဝန်ရှိသူများသည် ကမနင်းကျေးရွာခန်းမ၌ ပန်းတိုင်သီးနှံများ စိုက်ပျိုးနိုင်မှု အခြေပြုစစ်တမ်းကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှုပြီး တောင်သူများ၏ တင်ပြဆွေးနွေးမှုများကို ညှိနှိုင်းဆောင်ရွက်ပေးကာ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

စည်သူ(ပြန်/ဆက်)

No comments

Powered by Blogger.