ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း တပ်ကုန်းမြို့နယ် အေးချမ်းသာစံပြကျေးရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ကျေးရွာကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှု

 




နေပြည်တော် မေ ၁၂


သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းသည် တာဝန်ရှိ သူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ် အေးချမ်းသာစံပြ ကျေးရွာ၌ ကျေးလက်ဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် ကျေးရွာကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှုသည်။


ဦးစွာ နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ် အေးချမ်းသာစံပြကျေးရွာ ဘက်စုံသုံးခန်းမ၌ ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံပြီး ကျေးရွာ ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ညီညီညွတ်ညွတ်ဖြင့် စုပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားပြီး ကျေးရွာတွင်း လမ်းတံတားလုပ်ငန်းများ၊ ကျေးရွာရေရရှိရေးနှင့် ကျေးရွာမီးရရှိရေးလုပ်ငန်းများနှင့် ကျေးလက် ဆေးပေးခန်းကိုလည်းကောင်း၊ ဝက်မွေးမြူရေးလုပ်ငန်းများနှင့် စက်ရက်ကန်းလုပ်ငန်း လည်ပတ်ဆောင်ရွက် နေမှုကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များကို ဆွေးနွေးမှာကြားကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။


ယင်းနောက် အေးချမ်းသာစံပြကျေးရွာရှိ အေးချမ်းသာစံပြစိုက်ပျိုးရေးနှင့် အထွေထွေစီးပွား ရေးလုပ်ငန်းသမဝါယမအသင်းသား တောင်သူတစ်ဦး ၏ နွေစပါးစိုက်ပျိုးထားရှိမှု၊ ပုဗ္ဗသီရိမြို့နယ် ကျောက်စရစ်ကုန်းကျေးရွာအနီးရှိ စမ်းဝတီမွေးမြူရေးနှင့် သဘာဝမြေဩဇာထုတ်လုပ်ရေး သမဝါယမအသင်း၏ သဘာဝမြေဩဇာထုတ်လုပ်နေမှုနှင့် နို့စားနွားများ မွေးမြူထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များအပေါ် ဖြည့်ဆည်းဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်းစဉ်

No comments

Powered by Blogger.