စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၆ ခုနှစ် မိုးရာသီအတွက် ပျိုးပင်များ ပျိုးထောင်ထားရှိမှုစစ်ဆေး
မုံရွာ မေ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး သယံဇာတနှင့်
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးတင်သန်းဝင်းသည် မေ ၁၁ ရက် နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး
အပူပိုင်းဒေသစိမ်းလန်း စိုပြည်ရေးဦးစီးဌာနရုံး ဝန်ထမ်းများနှင့် တွေ့ဆုံပြီး ၂၀၂၆ ခုနှစ်
မိုးရာသီ ပတ်ဝန်းကျင်စိမ်းလန်း စိုပြည်ရေးအတွက် ပျိုးပင်များ ပျိုးထောင်ထားရှိမှုကို
ကြည့်ရှုစစ်ဆေးသည်။
တွေ့ဆုံပွဲတွင် တိုင်းဒေသကြီး သယံဇာတနှင့်
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးက ဝန်ထမ်းများအား အမှာစကား ပြောကြားပြီး အပူပိုင်းဒေသ
စိမ်းလန်းစိုပြည်ရေးဦးစီးဌာန တိုင်းဒေသကြီး တာဝန်ခံ ဦးမျိုးဝင်းက ၂၀၂၆ ခုနှစ် လုပ်ငန်းဆောင်ရွက်မှုများအား
ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များကို တိုင်းဒေသကြီးဝန်ကြီးက တာဝန်ရှိသူများနှင့်
ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် အဆိုပါ ရုံးဝင်းအတွင်း ၂၀၂၆
ခုနှစ် မိုးရာသီအတွက် ပျိုးပင်များပျိုးထောင်ထားရှိမှုကို စစ်ဆေးရာ ပျိုးခြံခုနစ်ခုတွင်
စုစုပေါင်း ပျိုးပင် ၃၁၅၃၁၀ အား သတ်မှတ်နေရာ အသီးသီးတွင် ဖြန့်ဝေစိုက်ပျိုးပေးသွားမည်ဖြစ်ကြောင်း
သိရသည်။
ခရိုင်(ပြန်/ဆက်)

No comments