၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အကြိုလှုပ်ရှားမှု အခမ်းအနားကျင်းပ
တောင်ငူ မေ ၁၄
၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အကြိုလှုပ်ရှားမှု အခမ်းအနားကို ယနေ့နံနက်ပိုင်းက တောင်ငူမြို့ အမှတ်(၄)အခြေခံ ပညာအထက်တန်းကျောင်း၌ ကျင်းပရာ ကျောင်းသား ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးကြသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အမှာစကားပြောကြားပြီး ကျောင်းဝတ်စုံ၊ စာအုပ်၊ ခဲတံနှင့် ဘောပင်များကို ကျောင်းသား ကျောင်းသူများထံ ပေးအပ်သည်။
ယင်းနောက် ဇာတိမာန်သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ရာ ကျောင်းသား ကျောင်းသူများနှင့် ကျောင်းအုပ်ဆရာမကြီးတို့အား ဂုဏ်ပြုဆုငွေများ ပေးအပ်ပြီး ရှေးဦးကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ သင်တန်းဖွင့်လှစ်ပို့ချနေမှုကို ကြည့်ရှုအားပေးကာ ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)

No comments