မြောင်းမြမြို့ မိုးရာသီသစ်ပင်စိုက်ပွဲ၌ စိုက်ပျိုးမည့်ပျိုးပင်များ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

 




မြောင်းမြ မေ ၂၆


ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ် မြစိမ်းရောင်တောင် သာသနာ့နယ်မြေတွင် ၂၀၂၅ ခုနှစ် သတ္တမအကြိမ် တိုင်းဒေသကြီးအဆင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် စိုက်ပျိုးခဲ့သည့်စိုက်ပင်များ ရှင်သန် အောင်မြင်မှုအခြေအနေကို မေ ၂၄ ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးသည်။


ဧရာဝတီတိုင်းဒေသကြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီး ဒေါ်မေသန်းဦး၊ တိုင်းဒေသကြီး သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက စိုက်ပင်များ ရှင်သန်အောင်မြင်နေမှုကို ကြည့်ရှုစစ်ဆေးပြီး မြောင်းမြမြို့ ဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ ကပ်ကာစေတီတော်အနီး၌ ၂၀၂၆ ခုနှစ် မိုးရာသီတွင်စိုက်ပျိုးမည့် မိုးအကြိုသစ်ပင်စိုက်ပျိုးပွဲ နေရာကို ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် မြောင်းမြမြို့နယ် ကျောက်ကုန်း ကြိုးဝိုင်း အကွက်အမှတ်(၂)ရှိ ပုဂ္ဂလိကသစ်မာစိုက်ခင်းအား ကြည့်ရှု စစ်ဆေးသည်။


ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးက မြောင်းမြမြို့နယ် သစ်တောဦးစီးဌာန မြို့မဘိနယ်ရှိ ယာယီပျိုးဥယျာဉ်၌ ၂၀၂၆ ခုနှစ် မိုးရာသီတွင် ဖြန့်ဝေစိုက်ပျိုးမည်ဖြစ်သော လူထုဖြန့်ပျိုးပင်များကို ကြည့်ရှုစစ်ဆေးခဲ့ပြီး အချိန်မီဖြန့်ဝေနိုင်ရေးနှင့် ရှင်သန်အောင်မြင်အောင် စိုက်ပျိုးရန် မှာကြားခဲ့ကြောင်း သိရသည်။


ဇေယျာ(ပြန်/ဆက်)

No comments

Powered by Blogger.