တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာဆိုင်းဘုတ်ဖွင့်လှစ်
ထားဝယ် မေ ၂၁
၂၀၂၆-၂၀၂၇ ပညာသင်နှစ် တနင်္သာရီတိုင်းဒေသကြီး
ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာဆိုင်းဘုတ်ကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့
အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှေ့၌ ဖွင့်လှစ်သည်။
ဖွင့်ပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်
ဦးဇော်နိုင်ဦး၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးနှင့်
တာဝန်ရှိသူများက ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ပညာရေးဝန်ကြီးဌာန၏ ကျောင်းအပ်နှံရေးဆိုင်ရာ မြေစိုက်ပိုစတာဆိုင်းဘုတ်ကို
ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးပြီး “တို့ကလေးများ နောင်ရေးစိတ်အေးဖို့ စာသင်ကျောင်းမှာအပ်ကြစို့” နှိုးဆော်လွှာ အသိပညာပေးလက်ကမ်းစာစောင်ကို
ဖြန့်ဝေပေးသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)

No comments