ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥပဒေမူကြမ်းရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ
ရန်ကုန် မေ ၇
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရည်အသွေးမြှင့်တင်ရေးအစီအစဉ်-၁
၏ ဥပဒေမူကြမ်း ရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အဆောက်အအုံ ပုလဲခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး
လွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်က အမှာစကား ပြောကြားပြီး ဒုတိယဥက္ကဋ္ဌက သင်တန်းဆိုင်ရာ
လမ်းညွှန်ချက်များ ပြောကြားသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး
လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့်
ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် နှစ်ဦး အပါအဝင် လွှတ်တော်ကိုယ်စားလှယ်
၉၄ ဦးနှင့် အလုပ်ရုံဆွေးနွေးပွဲကို ဦးဆောင်ဆွေးနွေးမည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်
ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာသုံးသပ်ရေးအဖွဲ့မှ ဥပဒေပညာရှင်များ၊ လွှတ်တော်ရုံးမှ
တာဝန်ရှိသူများ တက်ရောက်ကြသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို မေ ၁၄
ရက်အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)

No comments