မိတ္ထီလာမြို့နယ်၌ နိုင်ငံသားစိစစ်ရေးကတ်များ နေ့ချင်းပြီးဆောင်ရွက်ပေး

 


မိတ္ထီလာ မေ ၇

 

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များနှင့် UID Biometric ကောက်ယူခြင်းလုပ်ငန်းများ နေ့ချင်းပြီးဆောင်ရွက်နေမှုကို တာဝန်ရှိသူများက မေ ၄ ရက် နံနက်ပိုင်းတွင် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ ဆောင်ရွက်နေမှုကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မန္တလေးတိုင်းဒေသကြီးဦးစီးမှူး ဦးစိုးလွင်၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်ဦးနှင့် အဖွဲ့ဝင်များက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)

No comments

Powered by Blogger.