သီပေါမြို့နယ်၌ သီးနှံအထွက်နှုန်းတိုးတက်ရေး သဘာဝမြေဆွေးပြုလုပ်နည်း လက်တွေ့သရုပ်ပြ
သီပေါ မေ ၆
ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါမြို့နယ်တွင်
တောင်သူ နည်းပညာပေး ဆွေးနွေးပွဲနှင့် သဘာဝမြေဆွေးပြုလုပ်နည်း လက်တွေ့သရုပ်ပြပွဲကို
ယနေ့နံနက်ပိုင်းက ဘော်ကြိုဘုရားကြီး သာသနာ့ဗိမာန်တော်နှင့် ဘော်ကြိုကျေးရွာအုပ်စု တောင်သူ ဦးအောင်ပု၏ လယ်မြေ၌ကျင်းပသည်။
ရှင်းလင်းပြောကြား
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်
အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလွင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကောင်းသက်စံနှင့်
စိုက်ပျိုးရေးဦးစီးဌာန လားရှိုးပြည်နယ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးမောင်မောင်အေးတို့က
အမှာစကားပြောကြားကြသည်။ ဆက်လက်၍ ကျောက်မဲခရိုင် စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး
ဦးဝင်းထင်စိုးက သဘာဝမြေဆွေး ပြုလုပ်ခြင်းဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများနှင့်
လက်တွေ့သရုပ်ပြပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားသည်။
ယင်းနောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန
ဦးစီးမှူးနှင့် ဝန်ထမ်းများက တောင်သူဦးအောင်ပု၏ လယ်မြေ၌ သဘာဝမြေဆွေးပြုလုပ်နည်းအဆင့်ဆင့်ကို
လက်တွေ့သရုပ်ပြသခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)

No comments