လှိုင်းဘွဲ၌ ကျွဲ၊ နွားကူးစက်ရောဂါကာကွယ်ဆေးထိုးနှံ

 


ဘားအံ မေ ၆

 

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ ရက်(၁၀၀)စီမံချက်ဖြင့် ကျွဲ၊ နွား ကူးစက်ရောဂါကြိုတင် ကာကွယ်ဆေးထိုးလုပ်ငန်းကို မေ ၅ ရက်က ရွာသေးအေးမွေးမြူရေးဇုန်နှင့် ကမော့ကချူး မွေးမြူရေးဇုန်တို့တွင် ကွင်းဆင်းဆောင်ရွက်သည်။

 

ကာကွယ်ဆေးများ ထိုးနှံပေး

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ဘားအံခရိုင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ငယ်အောင်၊ လှိုင်းဘွဲမြို့နယ်ဦးစီးမှူး ဒေါက်တာသီဟနှင့် ဝန်ထမ်းများက အဆိုပါ မွေးမြူရေးဇုန်များရှိ နွားများအား ကာကွယ်ဆေးများထိုးနှံပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)

No comments

Powered by Blogger.