မိုင်းပန်မြို့နယ်၌ ကျွဲ၊ နွားများအား ကာကွယ်ဆေးထိုးနှံ

 


မိုင်းပန် မေ ၆

 

ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းပန်မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရက်(၁၀၀)စီမံချက်ဖြင့် ကျွဲ၊ နွားများအား လည်ချောင်းကွဲရောဂါ၊ ပေါင်ပုပ်/လက်ပုပ်ရောဂါ ကာကွယ်ဆေးကို ယနေ့နံနက်ပိုင်းက လွိုင်နွဲ့နှင့် မိုင်းပဲကျေးရွာတို့၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာဖိုးဆေးက ကျေးလက်နေပြည်သူများအား တိရစ္ဆာန်မွေးမြူရာတွင် ဆုံးရှုံးမှုမဖြစ်ပေါ်စေရေး၊ ရောဂါများမကျရောက်စေရေး အသိပညာပေးဟောပြောပြီး ကျွဲ၊ နွားကောင်ရေ ၁၆၀ ကို လည်ချောင်းကွဲရောဂါ၊ ပေါင်ပုပ်/လက်ပုပ်ရောဂါ ကာကွယ်ဆေး အခမဲ့ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

No comments

Powered by Blogger.