ထားဝယ်မြို့နယ်၌ တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ဆေးများထိုးနှံ
ထားဝယ် မေ ၆
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်
သပြေချောင်းကျေးရွာအုပ်စုတွင် ရက်(၁၀၀) စီမံကိန်းဖြင့် ကျေးရွာအတွင်းနှင့် တပ်နယ်မှ
တပ်ရင်းတပ်ဖွဲ့များတွင် မွေးမြူထားသော ဒေသနွား ၂၁၇ ကောင်အား ယနေ့နံနက်ပိုင်းတွင် မြို့နယ်မွေးမြူရေးနှင့်
ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသိန်းဇော်မင်းနှင့် ဝန်ထမ်းများက ကူးစက်ရောဂါဖြစ်ပွားကျရောက်မှုမရှိစေရေးအတွက်
လည်ချောင်းကွဲရောဂါကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ငွေဇင်ယော်(ထားဝယ်)

No comments