ပေါင်မြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်‌ပေး

 


ပေါင် မေ ၆

 

မွန်ပြည်နယ် ပေါင်မြို့နယ်၌ ရက်(၁၀၀) စီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက အိမ်ထောင်စုလူဦးရေ စာရင်းစိစစ်ခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်‌ပေးခြင်း၊ Biographic နှင့် Biometric အချက်အလက်များ ကောက်ယူ၍ UID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ဆားဖိုစုရပ်ကွက်နှင့် ထန်းပင်ချောင်ကြီးကျေးရွာတို့တွင် ကွင်းဆင်းဆောင်ရွက်ပေးသည်။

 

အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာသို့ မွန်ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးအောင်ခိုင်ဆွေ၊ သထုံခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမောင်မောင်မြင့်၊ ပေါင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဗိုလ်ဝင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းခိုင်နှင့် တာဝန်ရှိသူများက လာရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

မွန်မလေး(ပြန်/ဆက်)

No comments

Powered by Blogger.