ဒေးဒရဲမြို့နယ်၌ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) ကြဲပက်စိုက်ပျိုးပွဲ ကျင်းပ

 


ဒေးဒရဲ မေ ၆

 

ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့နယ်အတွင်းရှိ မိုးစပါးစိုက်ပျိုးမည့်လယ်မြေများတွင် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) ကြဲပက်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက တညင်ကုန်းကျေးရွာရှိ တောင်သူဒေါ်ပု၏ လယ်မြေ၌ ကျင်းပသည်။

 

အခမ်းအနားတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်ပပဦး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဇော်ဦး၊ ခရိုင်စိုက်တိုးမြှင့်အဖွဲ့အတွင်းရေးမှူး ဒေါ်အေးအေးမူ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြသိန်းမောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တောင်သူများစုပေါင်း၍ မျိုးစေ့များကြဲပက်စိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။

အေဇာလင်း

No comments

Powered by Blogger.