တရုတ်နိုင်ငံတစ်ဝန်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူ ၂၀ ကျော်သေဆုံး



မေ ၂၁

တရုတ်နိုင်ငံတစ်ဝန်း အဓိကအားဖြင့် ကုန်းတွင်းဒေသများတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူ ၂၀ ထက်မနည်းသေဆုံးခဲ့ကြောင်း တရုတ်မီဒီယာက ဖော်ပြထားသည်။

လွန်ခဲ့သောသီတင်းပတ်ကစတင်ကာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တရုတ်နိုင်ငံတောင်ပိုင်းနှင့် အလယ်ပိုင်းတွင် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများ ဖြစ်ပွားခဲ့သည်ဟု သိရသည်။

ကွီကျိုးပြည်နယ်တွင် မြို့ပြဒေသတစ်ခုကို ဖြတ်သန်းစီးဆင်းသော မြစ်တစ်စင်း ရေလျှံခဲ့ရာ မေ ၁၉ ရက်က ရိုက်ကူးထားသော ဗီဒီယိုတွင် ကားတစ်စီး ရွှံ့ရေများထဲတွင် မျောပါသွားပုံကို ပြသထားသည်ဟု သိရသည်။

အိမ်နီးချင်း ကွမ်ရှီးကျွမ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ထရပ်ကားတစ်စီး မြစ်အတွင်းသို့ ပြုတ်ကျကာ ခရီးသည် ၁၀ ဦး သေဆုံးကြောင်းနှင့် ဟူဘေး၊ ဟူနန်ပြည်နယ်တို့တွင်လည်း ပျက်စီးဆုံးရှုံးမှုများ ရှိကြောင်း ဖော်ပြထားသည်။

တရုတ်နိုင်ငံ ကုန်းတွင်းပိုင်းနှင့် တောင်ပိုင်းတွင်  မေ ၂၁ ရက်အထိ မိုးသည်းထန်စွာရွာသွန်းမှုများ ဖြစ်ပေါ်နိုင်ကြောင်း ခန့်မှန်းထားပြီး  အာဏာပိုင်များက ဒေသခံများအား သတိထားနေထိုင်ကြရန် တိုက်တွန်းပြောကြားထားသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.