အုတ်တွင်းမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေး လုပ်ငန်းများဆောင်ရွက်
အုတ်တွင်း မေ ၁၄
ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန မိခင်နှင့်ကလေး ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ဒေသခံပြည်သူများ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းအနေဖြင့် အဘိတ် (Abate) ဆေးခတ်ခြင်းကို ယနေ့နံနက်ပိုင်းက ကြက်သွန်ခင်း (၂) ရပ်ကွက်အတွင်း ဆောင်ရွက်ပေးလျက်ရှိသည်။
သောက်သုံးရေကန်များအတွင်း အဘိတ်ဆေးခတ်ခြင်းနှင့် ကျေးရွာအတွင်း နေအိမ်များအား ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်မိုး၏ ကြီးကြပ်မှုဖြင့် မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာနမှ သားဖွားဆရာမ ဒေါ်နှင်းယမုံဝေဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများနှင့် မြို့နယ်မိခင် နှင့်ကလေးစောင့်ရှောက်ရေးအသင်အဖွဲ့ အဖွဲ့ဝင်များပူးပေါင်း၍ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခင်ခင်မာ(ပြန်/ဆက်)

No comments