ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကျင်းပ
ပုသိမ် မေ ၁၄
ဧရာဝတီတိုင်းဒေသကြီး ပညာရေးဦးစီးဌာနနှင့်
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အား
ကြိုဆိုဂုဏ်ပြုသောအားဖြင့် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ပုသိမ်မြို့ အထက(၁)
ရတနာတန်ဆောင်ခန်းမတွင် ယနေ့နံနက်ပိုင်းက ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီး သယံဇာတနှင့်
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါ်မေသန်းဦး တက်ရောက်ကြည့်ရှု
အားပေးသည်။
စာစီစာကုံးပြိုင်ပွဲကို ၂၀၂၆ ခုနှစ်ဆောင်ပုဒ်ဖြစ်သည့်
"A Global Call For Climate Action" “ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ဖို့
ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်စို့” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ရာ ကျောင်းသား ကိုးဦး၊
ကျောင်းသူ ၁၈ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား ဇွန် ၅ ရက်တွင်
ကျင်းပမည့် တိုင်းဒေသကြီးအဆင့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင်
ဆုများပေးအပ် ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)

No comments