သထုံမြို့နယ်၌ အခြေခံမွေးမြူရေးပညာပေးသင်တန်း ဖွင့်လှစ်
သထုံ မေ ၃
မွန်ပြည်နယ် သထုံမြို့နယ်တွင် စိုက်ပျိုးရေး၊
မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ရက်(၁၀၀)စီမံချက်
စီစဉ်ဖွင့်လှစ်သည့် အခြေခံမွေးမြူရေးပညာပေးသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက
လိပ်အင်းရပ်ကွက်ရှိ ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံး၌ ကျင်းပသည်။
ဦးစွာ ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှူး
ဒေါက်တာ ဥမ္မာနှင်းက သင်တန်းဖွင့် အမှာစကားပြောကြားပြီး မြို့နယ်ဦးစီးမှူး ဒေါက်တာခွန်မင်းမောင်က
သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းတွင် ခရိုင်မွေးမြူရေးနှင့်
ကုသရေးဦးစီးဌာနမှူးနှင့် ဝန်ထမ်းများက တိရစ္ဆာန်ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ သိကောင်းစရာများ၊
ပဋိဇီဝဆေးယဉ်ပါးမှုအကြောင်း၊ ကောင်းမွန်သောတိရစ္ဆာန် မွေးမြူရေးကျင့်စဉ်၊ ဇီဝလုံခြုံမှု၊
နွား၊ ဝက်၊ ကြက်မွေးမြူရေး စသည့် ဘာသာရပ်တို့ကို သထုံမြို့နယ်အတွင်းရှိ မွေးမြူရေးလုပ်ငန်းရှင်
၁၅ ဦးတို့အား နှစ်ရက်ကြာ ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)

No comments