မိုးနဲမြို့နယ်၌ ကျေးလက်ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ရန် ကွင်းဆင်းစစ်ဆေး

 


မိုးနဲ မေ ၃

 

ရှမ်းပြည်နယ် (တောင်ပိုင်း) မိုးနဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ရက်(၁၀၀)စီမံချက်ဖြင့် ကျေးလက်နေပြည်သူများ သောက်သုံးရေ ဖူလုံစွာရရှိစေရန်အတွက် ကျေးလက်ရေရရှိရေးလုပ်ငန်းများ ရက်ပေါင်း ၁၀၀ အတွင်း အပြီးသတ် ဆောင်ရွက်နိုင်ရေး မြေပြင်အကြိုကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ကွန်နားကျေးရွာ၌ တာဝန်ရှိသူများက ဆောင်ရွက်သည်။

 

ထိုသို့ကွင်းဆင်းရာတွင် မိုးနဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမောင်ခိုင်နှင့် အင်ဂျင်နီယာဝန်ထမ်းများက ကွန်နားကျေးရွာအတွင်း သန့်ရှင်းသောသောက်သုံးရေ ရရှိစေရန် ရေပိုက်သွယ်တန်းခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး မြေပြင်ကွင်းဆင်းတိုင်းတာ ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် မြို့နယ်ဦးစီးမှူးက ကျေးရွာသူ ကျေးရွာသားများနှင့် တွေ့ဆုံကာ ရေထွက်ပင်ရင်းမှ ကျေးရွာအရောက် အရှည်နှစ်မိုင်ရှိ ရေပိုက်သွယ်တန်းခြင်းလုပ်ငန်းကို ရက်ပေါင်း ၁၀၀ အတွင်း အပြီးသတ် ဆောင်ရွက်ပေးသွားမည်ဖြစ်ရာ ပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေး မှာကြားခဲ့ကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)

No comments

Powered by Blogger.