China Merchants Foundation က မြန်မာနိုင်ငံ ငလျင်ဘေးသင့်ဒေသရှိ စာသင်ကျောင်းများသို့ လူမှုကူညီရေးပစ္စည်းများ လွှဲပြောင်းပေးအပ်

 


နေပြည်တော် မေ ၃

 

တရုတ်နိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း(CFRD)နှင့် China Merchants Foundation တို့ ပူးပေါင်း၍ မြန်မာနိုင်ငံ ငလျင်ဘေးသင့်ဒေသများသို့ ကူညီထောက်ပံ့သည့် လူမှုကူညီရေးပစ္စည်းများ လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ဧပြီ ၂၈ ရက် နံနက်ပိုင်းက နေပြည်တော် လယ်ဝေးခရိုင်ရှိ ယက္ကန်းစင်တောင် အခြေခံပညာမူလွန်ကျောင်း၌ ကျင်းပသည်။ 

 

အခမ်းအနားတွင် အခြေခံပညာဦးစီးဌာန စီမံကိန်းနှင့် စာရင်းအင်းဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာ အေးအေးစမ်း၊ Sinotrans (Myanmar) Logistics Co., Ltd မှ ဒုတိယအထွေထွေ မန်နေဂျာ Mr. Zhang Weikang၊ တရုတ်နိုင်ငံ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (မြန်မာနိုင်ငံရုံး)မှ ဒါရိုက်တာ Ms. Lin Yuan တို့က အမှာစကား ပြောကြားကြသည်။

 

ထို့နောက် ပျဉ်းမနားမြို့နယ်ရှိ အမက (ယောက်သွားအင်း)၊ တပ်ကုန်းမြို့နယ်ရှိ အမက (မြောက်မြိုက်)၊ လယ်ဝေးမြို့နယ်ရှိ မူလွန်(ယက္ကန်းစင်တောင်)၊ ဥတ္တရသီရိမြို့နယ်ရှိ အမက (ဆားကျင်း)၊ ပုဗ္ဗသီရိမြို့နယ်ရှိ အမက(ဇီးကုန်း) ကျောင်းတို့အတွက် Tent Classroom များ၊ စာရေးစားပွဲနှင့် ထိုင်ခုံများ၊ ရေသန့်စက်များကို ပေးအပ်လှူဒါန်းရာ လယ်ဝေးခရိုင် ယက္ကန်းစင်တောင် အခြေခံပညာ မူလွန်ကျောင်းမှ ကျောင်းအုပ်ကြီး ဒေါ်လှစိုးနွယ်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ကိုထက်

No comments

Powered by Blogger.