လက်ပံတန်းမြို့နယ်၌ မိုးအိုင်ကျေးရွာလမ်း ဂဝံခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး
လက်ပံတန်း မေ ၁၇
ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ်
ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ရက် (၁၀၀) စီမံချက်ဖြင့် မိုးအိုင်ကျေးရွာလမ်း ဂဝံခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို
မေ ၁၆ ရက် နံနက်ပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးသည်။
ယင်းသို့ ကွင်းဆင်းကြည့်ရှုရာတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
အင်ဂျင်နီယာချုပ် ပဲခူးတိုင်းတာဝန်ခံ ဦးထွန်းဝေ၊ ခရိုင်/မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ
တာဝန်ရှိသူများသည် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်
တိုင်းဒေသကြီးငွေလုံးငွေရင်းရန်ပုံငွေဖြင့် မိုးအိုင်ကျေးရွာအဝင်လမ်း ဂဝံခင်းခြင်းဆောင်ရွက်နေမှုကို
ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)

No comments