နတ်တလင်းမြို့နယ်၌ စားအုန်းဆီအရောင်းဆိုင်များ ရည်ညွှန်းစျေးနှုန်းနှင့်အညီ ရောင်းချရေးစစ်ဆေး
နတ်တလင်း မေ ၁၇
ပဲခူးတိုင်းဒေသကြီး နတ်တလင်းမြို့နယ်၌
စားအုန်းဆီလက်လီလက်ကား ဖြန့်ဖြူးရောင်းချလျက်ရှိသော အရောင်းဆိုင်များအား နတ်တလင်းခရိုင်
စားအုန်းဆီဖြန့်ဖြူးရောင်းချမှု ကြီးကြပ်ရေးအဖွဲ့နှင့် တိုင်းဒေသကြီးခရိုင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ
တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့တို့က ယမန်နေ့နံနက်ပိုင်းတွင် နတ်တလင်းမြို့နယ်
စျေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးသည်။
အဆိုပါကွင်းဆင်းစစ်ဆေးခြင်းကို ပဲခူးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး
ဦးမြင့်အောင်နှင့် တာဝန်ရှိသူများက စားအုန်းဆီဖြန့်ဖြူး ရောင်းချသူများအနေဖြင့် သတ်မှတ်ရည်ညွှန်းစျေးအတိုင်း
ဗီနိုင်းများ ချိတ်ဆွဲရောင်းချမှု ရှိ/မရှိ၊ အလေးချိန် မှန်ကန်မှုရှိ/မရှိ၊ ဆီစာအုပ်များ
စနစ်တကျထုတ်ပေးရေးနှင့် ရရှိသောဆီ ပိဿာချိန်များကို ဌာနမှချမှတ်ထားသော မှန်(၆)မှန်နှင့်အညီ
ပြည်သူများအား အမှန်တကယ်ရောင်းချပေးခြင်း ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)

No comments