ရွှေဘိုမြို့၌ အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး အသိပညာပေး

 


ရွှေဘို မေ ၃၁

 

စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ဓာတ်မြေဩဇာလျှော့ချသုံးစွဲရေးနှင့် အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး ပညာပေးသင်တန်းနှင့် မျိုးစေ့နှင့် သွင်းအားစု ပံ့ပိုးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲကို မေ ၂၉ ရက်က ရွှေဘိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၌ ကျင်းပသည်။

 

ဦးစွာ ခင်ဦးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ပြည့်က အမှာစကားပြောကြားသည်။ ထို့နောက် ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ဇာဇာမင်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ပြောကြားပြီး ခင်ဦးမြို့နယ်ဦးစီးမှူး ဦးနေဝင်းနိုင်က သီးနှံစိုက်ပျိုးရေးဆိုင်ရာများ အသိပညာပေးဆွေးနွေးသည်။

 

ဆက်လက်ပြီး တာဝန်ရှိသူများက ခင်ဦးမြို့နယ်ရှိ အကျိုးဆောင် တောင်သူများအား မျိုးစေ့နှင့် သွင်းအားစုပံ့ပိုးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)

No comments

Powered by Blogger.