ကချင်ပြည်နယ်ဝန်ကြီးချုပ် ပလန(၁) ပိတောက်မြိုင်ခေတ်မီစံပြကျေးရွာ၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံ

 





မြစ်ကြီးနား ဧပြီ ၃


ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ ညနေပိုင်းက မြစ်ကြီးနား မြို့နယ် ပလနကျေးရွာအုပ်စု ပလန(၁) ပိတောက်မြိုင် ခေတ်မီ စံပြကျေးရွာရှိ ရွှေပိတောက်ခန်းမ၌ ကျေးရွာနေပြည်သူများနှင့် သွားရောက်တွေ့ဆုံကြသည်။


ဖြည့်ဆည်းဆောင်ရွက်


တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ခေတ်မီစံပြ ကျေးရွာအတွင်းရှိ အိမ်ထောင်စု ၅၁၁ စုတို့အတွက် ဆန် ၂၄ ပြည်ပါ အိတ် ၁၀၀၊ ကျေးလက်စီးပွား မြင့်မားရေးအတွက် ခေတ်မီစံပြ ကျေးရွာစီမံကိန်းဖြင့် တည်ဆောက်ပေးခဲ့သည့် ကျေးရွာစာကြည့်တိုက် အတွက် သုတ/ရသစာအုပ် ၂၀၀ နှင့် ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေ ထူထောင်ခြင်းလုပ်ငန်း စီမံကိန်း၊ ခေတ်မီစံပြကျေးရွာ စီမံကိန်း ဗီနိုင်းနှင့် ကျေးရွာစွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုအတွက် အထောက်အကူပြု ပစ္စည်းများကို ပေးအပ်ကြရာ ရပ်မိရပ်ဖတစ်ဦးက ကျေးဇူးတင်စကားနှင့် ကျေးရွာအတွင်းရှိ အိမ်ထောင်စုများအတွက် ပညာရေး၊ ကျန်းမာရေး နှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များကို တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာ ပြည်နယ်အဆင့် ဌာန ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။


ထို့နောက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးက ပလန(၁) ပိတောက်မြိုင်ကျေးရွာကို ခေတ်မီ စံပြကျေးရွာစီမံကိန်းဖြင့် အကောင် အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်းအစီအစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးသည်။


ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသနေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေး စိုက်ပျိုးရေးအတွက် မျိုးစေ့အခမဲ့ ပေးခြင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ချေးငွေများ ချထားပေးခြင်းဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် အစွမ်းကုန် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့ ပိတောက်မြိုင် ကျေးရွာနေပြည်သူများ၏ စည်းလုံးညီညွတ်မှုကြောင့် ရန်ပုံငွေများခွဲဝေချထားပြီး ခေတ်မီစံပြ ကျေးရွာအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ပေးနေခြင်းပင် ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။


ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခေတ်မီစံပြကျေးရွာ စီမံကိန်းဖြင့် တည်ဆောက်ပြီးစီးခဲ့သည့် ၁၈ ပေ x ၂၇ ပေရှိ ခေတ်မီစာကြည့်တိုက် အဆောက်အအုံနှင့် စာကြည့်တိုက်အတွင်း စီမံကိန်းရန်ပုံငွေဖြင့် သုတ/ ရသ စာအုပ်စာစောင်များ၊ စာကြည့်တိုက် အသုံးအဆောင်များ ဝယ်ယူဖြည့်တင်းထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်က စာကြည့်တိုက် ရှင်သန်ဖွံ့ဖြိုးရေးအတွက် စာကြည့်တိုက်မှူး ခန့်ထားနိုင်ရေးနှင့် စာအုပ်စာစောင် ဖတ်ရှုခြင်း၊ စာကြည့်တိုက် အဆင့်မြှင့်တင်ခြင်းများကို တစ်ဆင့်ပြီးတစ်ဆင့် ကြိုးစား ဖြည့်ဆည်းပေးနိုင်ရေး ဌာနဆိုင်ရာများ၊ ကျေးရွာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ပြည်နယ်(ပြန်/ဆက်)



No comments

Powered by Blogger.