အင်္ဂပူမြို့နယ် သမဝါယမဦးစီးဌာနရုံး၌ ရုံးလုပ်ငန်းသင်တန်း ဖွင့်လှစ်
အင်္ဂပူ မေ ၂၆
ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ် သမဝါယမဦးစီးဌာနရုံး၌ ယနေ့နံနက်ပိုင်းက ရုံးလုပ်ငန်းနှင့် စာရင်းရေး စာရင်းကိုင်သင်တန်း ဖွင့်လှစ်သည်။
ဦးစွာ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မို့မို့ခိုင်က သင်တန်းဖွင့်လှစ်ခြင်း ရည်ရွယ် ချက်များကို ရှင်းလင်းပြောကြားပြီး ရုံးလုပ်ငန်းနှင့် စာရင်းရေး စာရင်းကိုင် ဘာသာရပ်များကို စာတွေ့၊ လက်တွေ့ ပို့ချသည်။
သင်တန်းသို့ မြို့နယ်သမဝါယမ ဦးစီးဌာနမှ သင်တန်းသား သင်တန်းသူ ၁၃ ဦး တက်ရောက်ပြီး နှစ်ရက်ကြာ သင်ကြားပို့ချမည်ဖြစ်ကြောင်း သိရသည်။
မန်းကျော်(ပြန်/ဆက်)

No comments