မိုးကောင်းမြို့နယ်၌ မီးခိုးမြူငွေ့နှင့် လေထုညစ်ညမ်းမှု လျော့နည်းစေရေး အသိပညာပေးဟောပြော
မိုးကောင်း မေ ၇
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏
ရက်(၁၀၀)စီမံချက်ဖြင့် ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနနှင့်
မြို့နယ်သစ်တောဦးစီးဌာနတို့ ပူးပေါင်း၍ မြတောင်အုပ်စု နန့်လှိုင်ခေတ်မီစံပြကျေးရွာခန်းမ၌
မီးခိုးမြူငွေ့နှင့် လေထုညစ်ညမ်းမှုလျော့နည်းစေရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက
ကျင်းပသည်။
ဦးစွာ မိုးကောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန
ဦးစီးမှူး ဒေါ်ခင်မေဝင်းက အမှာစကားပြောကြားပြီး မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်မှူးဦးသန်းမော်နှင့်
တောအုပ်ကြီး ဦးအောင်သန်းနိုင်တို့က မီးခိုးမြူငွေ့နှင့် လေထုညစ်ညမ်းမှုလျော့နည်းစေရေး၊
စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုနှင့် အိမ်တွင်းလေထုညစ်ညမ်းမှု လျှော့ချရေးများနှင့်ပတ်သက်၍
အသိပညာပေး ဟောပြောခဲ့ကြကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)

No comments