ပေါက်ခေါင်းမြို့နယ်၌ မိုးရာသီ(အကြို) သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

 


ပေါက်ခေါင်း မေ ၃၁

 

ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ် သစ်တောဦးစီးဌာနက ၂၀၂၆ ခုနှစ် မိုးရာသီ(အကြို) သစ်ပင်စိုက်ပျိုးပွဲကို မေ ၃၁ ရက်က မြို့နယ်လျှပ်စစ်ဝင်း၌ ကျင်းပသည်။

 

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတွင် ပေါက်ခေါင်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်နိုင်သူဦး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းထူးအောင်၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသော်မော်ခန့်နှင့် တက်ရောက်လာသူများက ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ မန်ဂျန်ရှား၊ စိန်ပန်းကြီး၊ ကုက္ကို၊ ရေတမာ၊ သခွတ် စသည့်ပျိုးပင်ပေါင်း ၅၀၀ တို့ကို စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။

ဖုန်းကျော်ဇင်(ပြန်/ဆက်)

No comments

Powered by Blogger.