ကမ္ဘာ့ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် မြန်မာပိုက်ကျော်ခြင်းအသင်း သုံးယောက်တွဲပြိုင်ပွဲ၌ ဒုတိယ၊ လေးယောက်တွဲပြိုင်ပွဲ၌ တတိယရရှိ
ရန်ကုန် မေ
၁၉
၂၀၂၆ ကမ္ဘာ့ဖလား
ပိုက်ကျော် ခြင်းပြိုင်ပွဲ
ဆီမီးဖိုင်နယ်နှင့် ဗိုလ်လုပွဲကို
မေ ၁၉ ရက်က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌
ကျင်းပရာ မြန်မာပိုက်ကျော်ခြင်း အသင်းသည်
သုံးယောက်တွဲပြိုင်ပွဲ၌ ဒုတိယ၊ လေးယောက်တွဲပြိုင်ပွဲ၌
တတိယရရှိသည်။ သုံးယောက်တွဲ
ပြိုင်ပွဲ ဆီမီးဖိုင်နယ်တွင် မြန်မာအသင်းက အိမ်ရှင်မလေးရှားအသင်းကို နှစ်ပွဲပြတ်၊ ထိုင်းအသင်းက တောင်ကိုရီးယားအသင်းကို ၂-၁
ပွဲဖြင့် အနိုင်ရရှိသည်။
မြန်မာအသင်းသည်
မလေးရှားအသင်းကို ပထမပွဲငယ်တွင် ၁၅-၉ မှတ်၊ ဒုတိယပွဲငယ်တွင် ၁၅-၁၀ မှတ်ဖြင့်
အနိုင်ရရှိသည်။ ဗိုလ်လုပွဲတွင် ထိုင်းအသင်းက မြန်မာအသင်းကို ၂-၁ ပွဲဖြင့် အနိုင်ရရှိသည်။ ပထမပွဲငယ်တွင် ထိုင်းအသင်း
က ၁၅-၈ မှတ်ဖြင့် အနိုင်ရပြီး ဒုတိယပွဲငယ်တွင် မြန်မာအသင်းက ၁၅-၁၃ မှတ်ဖြင့်
အနိုင်ရသဖြင့် တတိယပွဲငယ်မှာ အဆုံးအဖြတ်ဖြစ်လာ သည်။ တတိယပွဲငယ်တွင် ထိုင်းအသင်းက
၁၅-၇ မှတ်ဖြင့် အနိုင်ရသဖြင့် မြန်မာအသင်း ဒုတိယဖြင့် ကျေနပ်ခဲ့ရသည်။
ဆက်လက်ယှဉ်ပြိုင်
လေးယောက်တွဲပြိုင်ပွဲ
ဆီမီးဖိုင်နယ်တွင် အိန္ဒိယအသင်းက မြန်မာအသင်းကို ၂-၁ ပွဲ၊ မလေးရှားအသင်းက
ဗီယက်နမ်အသင်းကို ၂-၁ ပွဲဖြင့် အနိုင်ရရှိသည်။ ကွာတားဖိုင်နယ်တွင် နာမည်ကြီး
ထိုင်းကို အနိုင်ယူလာသည့် မြန်မာအသင်းသည် ဆီမီးဖိုင်နယ်တွင် အိန္ဒိယအသင်းကို
မထင်မှတ်ဘဲ အရေးနိမ့်ကာ ဗိုလ်လုပွဲနှင့် လွဲချော်ခဲ့သည်။ မြန်မာအသင်းအတွက် နစ်နာ
သည့်ပွဲတစ်ပွဲ ဖြစ်ခဲ့သည်။ သုံးယောက်တွဲ အသင်းလိုက် ပြိုင်ပွဲကို မေ ၂၀
ရက်မှ ၂၃ ရက် အထိ ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်း ဆက်လက်ယှဉ်ပြိုင်မည်ဖြစ်သည်။
သတင်း-ရှိုင်းထက်ဇော်
ဓာတ်ပုံ-ISTAF

No comments