မလေးရှား-တရုတ် လျှပ်စစ်ကားနှင့် စွမ်းအင်သစ်ဖွံ့ဖြိုးတိုးတက်ရေး ထိပ်သီးဆွေးနွေးပွဲ ကျင်းပ
ကွာလာလမ်ပူ မေ ၁၂
မလေးရှား-တရုတ် လျှပ်စစ်ကားနှင့်
စွမ်းအင်သစ်ဖွံ့ဖြိုးတိုးတက်ရေးထိပ်သီး ဆွေးနွေးပွဲကို မလေးရှားနိုင်ငံ ကွာလာလမ်ပူ၌ မေ ၁၂ ရက်တွင်
ကျင်းပသည်။
နှစ်နိုင်ငံအကြား အနာဂတ်ကာလတွင်
သွားလာရေးနှင့် အစိမ်းရောင်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှုခိုင်မာစေရေး
ဆောင်ရွက်ခြင်းဖြစ်သည်။
မလေးရှားနိုင်ငံ ဒုတိယဝန်ကြီးချုပ်
အာမက်ဇာဟစ်ဟာမီဒီ ကြီးမှူးကျင်းပခဲ့သည့် ထိပ်သီးဆွေးနွေး ပွဲတွင် မလေးရှားနိုင်ငံ၏ ရေရှည်တည်တံ့သော သယ်ယူပို့ဆောင်ရေး၊ အဆင့်မြင့်တီထွင်
ထုတ်လုပ် မှုနှင့် စိမ်းလန်းသောစွမ်းအင်အသွင်ပြောင်းမှုဆိုင်ရာ ရည်မှန်းချက်များ ကို
မီးမောင်းထိုးပြခဲ့သည်။
နိုင်ငံအတွင်း၎င်းကဏ္ဍများကို
ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် ကျွမ်းကျင်သူနည်းပါးခြင်း၊ စက်မှု လုပ်ငန်းများမှ လိုအပ်သည့် ထုတ်ကုန်အရေအတွက်နှင့်
အမျိုးသားနည်းပညာဆိုင်ရာကဏ္ဍမှ ထုတ်လုပ်ရေးနည်းပညာ
ဂေဟစနစ်၏ ကွာဟချက်တို့်ကြောင့် စိန်ခေါ်မှုများရှိနေကြောင်း သိရသည်။
ယခုကျင်းပသည့် ထိပ်သီးဆွေးနွေးပွဲသည်
မလေးရှားနိုင်ငံ၏ စက်မှုလုပ်ငန်းဖွံ့ဖြိုးရေးအတွက် အဆင့်မြင့်နည်းပညာ ပလက်ဖောင်းတစ်ခုဖြစ်လာမည်ဖြစ်သည်။
အဆိုပါ ထိပ်သီးဆွေးနွေးပွဲအတွင်း လျှပ်စစ်ကားနှင့် အစိမ်းရောင်သယ်ယူ
ပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးရေးအတွက် အဆင့်နှစ်ဆင့်ဖြင့် ဆောင်ရွက်မည့်အစီအမံတစ်ရပ်ကို တရုတ်နှင့်မလေးရှား ကုမ္ပဏီများက အဆိုပြုခဲ့သည်။
အစီအမံပထမအဆင့်တွင် မလေးရှား-တရုတ်
အစိမ်းရောင် ရွေ့လျားမှု ပူးပေါင်းဆောင်ရွက်ရေး ဗဟိုဌာနကို တည်ထောင်မည်ဖြစ်ပြီး ဒုတိယအဆင့်တွင်
မလေးရှားနိုင်ငံအတွက် လာမည့် ငါးနှစ် အတွင်း လျှပ်စစ်ကား၊ ဘက်ထရီနှင့်
စွမ်းအင်ဆိုင်ရာ ကျွမ်းကျင်သူအရေအတွက် ၁၀၀၀ မွေးထုတ် ရေးအတွက် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန် - စိုးသူရ

No comments