အင်ဒိုနီးရှားနိုင်ငံ၌ လောင်စာဆီသုံးစွဲမှုလျှော့ချရေးနည်းလမ်းများ အကောင်အထည်ဖော် ဆောင်ရွက်



ဂျကာတာ   မေ   ၁၂

အင်ဒိုနီးရှားနိုင်ငံအနေဖြင့်   အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့်   ကမ္ဘာ့လောင်စာဆီဈေးနှုန်းများ မြင့်တက်လာခြင်းကို  တားဆီးသည့်အနေဖြင့်  နိုင်ငံအတွင်း လောင်စာဆီသုံးစွဲမှုလျှော့ချရေး နည်းလမ်းများကို အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီး ပါဘူရာ ယက်ဟီဆာဒီဝါက မေ ၁၂ ရက်တွင် ပြောကြားသည်။

အစိုးရအနေဖြင့်    ပြည်ပနိုင်ငံများမှ လောင်စာဆီသွင်းကုန်များအား  အားပြုခြင်းကို  လျှော့ချသည့် အနေဖြင့်   နိုင်ငံအတွင်း  ရုပ်ကြွင်းလောင်စာမှ  ပြန်လည်ပြည့်ဖြိုးမြဲ   စွမ်းအင်အသုံးပြုခြင်းကို မြှင့်တင်ဆောင်ရွက်မည်ဟု ၎င်းက ပြောကြားသည်။ နိုင်ငံအတွင်း ဇွန်လမှစတင်၍ လောင်စာဆီ သုံးစွဲမှု လျှော့ချရေးအတွက်  လျှပ်စစ်ကားများအား ဆုကြေးပေးသည့် အစီအမံကို ဆောင်ရွက် မည်ဖြစ်သည်။

ထို့ပြင် လက်ရှိကမ္ဘာပေါ်၌ မသေချာမရေရာမှုများ မြင့်တက်နေချိန်တွင် အင်ဒိုနီးရှားနိုင်ငံ    ဗဟိုဘဏ်အနေဖြင့် နိုင်ငံအတွင်းသုံးစွဲနေသည့်    ငွေကြေးတန်ဖိုးတည်ငြိမ်မှုရှိစေရေးအတွက် ဆောင်ရွက်နိုင်သည့်   အခွင့်အာဏာရှိသည်ဟု ၎င်းက ပြောကြားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-စိုးသူရ

No comments

Powered by Blogger.