ကျောက်ပန်းတောင်းမြို့နယ်၌ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိ

 


ကျောက်ပန်းတောင်း မေ ၂၆

 

မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ်၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ပြုလုပ်သည်။

 

ပြောကြား

ချေးငွေပေးအပ်ပွဲတွင် ကျောက်ပန်းတောင်းမြို့နယ် ချေးငွေအကြံပေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းလွင် က ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုး သီးနှံများကို လျာထားချက် ကျော်လွန်အောင် စိုက်ပျိုးသွားကြရန်၊ ရည်မှန်းချက်နှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး အလေးထား ဆောင်ရွက်ကြရန် ပြောကြားသည်။

 

ဆက်လက်၍ မြို့နယ်မန်နေဂျာ ဒေါ်လွင်မာထွန်းက ၂၀၂၆ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပေးမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြို့နယ်ဥက္ကဋ္ဌနှင့် မြို့နယ်မန်နေဂျာတို့က ခင်မွန်ကျေးရွာအုပ်စုမှ တောင်သူများထံ စိုက်ပျိုးစရိတ် ချေးငွေများကို လက်ဝယ်အရောက် ပေးအပ်ခဲ့ကြသည်။

နေအောင်(ပြန်/ဆက်)

No comments

Powered by Blogger.