ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
နေပြည်တော် မေ ၈
ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ
မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ (၁/၂၀၂၆) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို
ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ရုံးအမှတ် (၃) အစည်းအဝေး ခန်းမ၌ ကျင်းပရာ ဗဟိုကော်မတီဥက္ကဋ္ဌ
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊
ဗဟိုကော်မတီ အဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့် အထူးဖိတ်ကြား ထားသူများ
တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဗဟိုကော်မတီ ဥက္ကဋ္ဌ
ဦးထွန်းအုံက ယခုဘဏ္ဍာနှစ်တွင် ပို့ကုန်လျာထားချက်၏ နှစ်ဆပြည့်မီအောင်
အလေးထားကြိုးပမ်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ပြည်ပသို့ ပို့ကုန်များ
ပိုမိုတိုးမြှင့်တင်ပို့နိုင်ရေးနှင့် စပ်လျဉ်း၍ ပို့ကုန် လုပ်ငန်းရှင်များ၏
အခက်အခဲများကို သိရှိနားလည်အောင်လေ့လာပြီး သက်ဆိုင်ရာကဏ္ဍများ အလိုက် ဝန်ကြီးဌာန၊
အဖွဲ့အစည်းများအချင်းချင်း ပေါင်းစပ်ညှိနှိုင်းကာ ကူညီဆောင်ရွက် ပေးသွားရမည် ဖြစ်ကြောင်း၊
ထို့ပြင် ပို့ကုန်တင်ပို့ပြီး ပို့ကုန်ရငွေများ အချိန်မီပြန်လည်ဝင်ရောက်ရေး ကိစ္စရပ်များ၊
စက်သုံးဆီ၊ စားသုံးဆီ ဖြန့်ဖြူးမှုကိစ္စရပ်များ အဆင်ပြေချောမွေ့စေရေးနှင့် CMP လုပ်ငန်းများ ပိုမိုတင်ပို့နိုင်ရေး
ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments