ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) ဝန်ထမ်းများနှင့် တွေ့ဆုံ



နေပြည်တော် မေ ၈

 

ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်သည် ယနေ့ မွန်းလွဲပိုင်းတွင် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) စွယ်တော်ဆောင် အစည်းအဝေးခန်းမ၌ ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများနှင့် တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ရိုးရာယဉ်ကျေးမှုအနုပညာရပ်များ မပျောက်ပျက်အောင် ထိန်းသိမ်းမြှင့်တင်ဆောင်ရွက် ရာတွင် အစိုးရ၊ ပုဂ္ဂလိက၊ media ကဏ္ဍတို့ ပူးပေါင်းဆောင်ရွက်ကြရန်နှင့် ကမ္ဘာကသိရှိအောင် ဝိုင်းဝန်း ကြိုးစားဖော်ထုတ်ကြရန် တိုက်တွန်းပြောကြားသည်။

 

ထို့နောက် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ်က တက္ကသိုလ် ဆိုင်ရာများကို ရှင်းလင်းတင်ပြပြီး တက္ကသိုလ်၏ မှတ်တမ်းရုပ်ရှင်ဗီဒီယိုကို ကြည့်ရှုအားပေးကြသည်။

 

ယင်းနောက် သရဖီဆောင် အနုပညာခန်းမ၌ ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်များ၊ ပါမောက္ခ ဌာနမှူးများ၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ အနုသုခုမပညာရပ်များကို ထိန်းသိမ်းပြီး မျိုးဆက်သစ်များကို လက်ဆင့်ကမ်းဖြန့်ဝေသင်ကြား ပေးနိုင်ရေး မှာကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်

No comments

Powered by Blogger.