ပေါင်းလောင်းရေလှောင်တမံ ကြံ့ခိုင်မှု၊ စီးဝင်ရေပမာဏနှင့် ဝင်ရေသိုလှောင်ထားရှိမှု ကြည့်ရှုစစ်ဆေး
နေပြည်တော် မေ ၈
စိုက်ပျိုးရေး၊
မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည်
ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ဇေယျာသီရိမြို့နယ်ရှိ
ပေါင်းလောင်းရေလှောင်တမံ၏ ကြံ့ခိုင်မှု၊ စီးဝင်ရေပမာဏနှင့်
ဝင်ရေသိုလှောင်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက်
ရာဂီမုန်တိုင်းအရှိန်ကြောင့် ထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခဲ့သည့် ရေပိုလွှဲပထမအဆင့်၏
အောက်ဘက်ပိုင်း အပိုင်း (၁)၊ အထက်ဘက်ပိုင်း အပိုင်း (၂) ပြန်လည်ပြုပြင် ဆောင်ရွက်ပြီးစီးမှုနှင့်
ပေါင်းလောင်းရေလွှဲဆည်၏ လက်ဝဲဘက် သဲထုတ်ရေတံခါး၏ မြေထိန်းနံရံ၊
မြောင်းထိပ်ရေတံခါး၊ ရေခွဲ နံရံများ ပြန်လည်ပြုပြင်ဆောင်ရွက်ပြီးစီးမှုကို
ကြည့်ရှုစစ်ဆေးပြီး ရေလွှဲဆည်ရေရှည် ခိုင်ခံ့ရေးအတွက် စီမံဆောင်ရွက်သင့်သည်များကို
ဆွေးနွေးမှာကြားသည်။
ယင်းနောက်
ပေါင်းလောင်း ဆည်ရေသောက်ဧရိယာအတွင်းရှိ နွေစပါးနှင့် နွေသီးနှံစိုက်ကွင်းများသို့
စိုက်ပျိုးရေ ပေးဝေနေမှုကို ကြည့်ရှုစစ်ဆေးပြီး စိုက်ပျိုးရေကို အလေအလွင့်မရှိ
စနစ်တကျ ပေးဝေရန်နှင့် လျာထားစိုက်ဧက ပြည့်မီအောင်စိုက်ပျိုးပြီး ပန်းတိုင်အထွက်နှုန်းရရှိရေး
ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments