ကွမ်းခြံကုန်းမြို့နယ်၌ ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်းဆင်းပွဲ ကျင်းပ

 



ကွမ်းခြံကုန်း မေ ၂၄


ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ်တွင် KG နှင့်Grade-1 သင်ပြနည်းစနစ်နှင့် မူကြိုသင်ပြနည်းစနစ် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းက အထက(၁)သီရိရတနာခန်းမ၌ ကျင်းပသည်။


အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင် ဦးရဲတင့်က အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူးဒေါ်အေးသန္တာစိုးက သင်တန်းဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။


ထို့နောက် ဆုရရှိသည့် သင်တန်းသား သင်တန်းသူများအား ဆုများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။  


ဆွေနွယ်(ပြန်/ဆက်)

No comments

Powered by Blogger.