ကျောင်းကုန်းမြို့၌ Football for School သင်တန်းသားများအား အာဟာရကျွေးမွေးလှူဒါန်း
ကျောင်းကုန်း မေ ၂၄
ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ်
မီတာ ၄၀၀ မြို့မအားကစားကွင်းအတွင်း၌ Pilot Project အစီအစဉ်အရ ဖွင့်လှစ်သင်ကြားလျက်ရှိသည့်
Football for School ၊
Smart-School အားကစားသင်တန်းသားများအား မေ ၂၂ ရက်က သာဂူတိုက်ကျွေးခဲ့သည်။
အားကစားရေးရာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး
ဦးရဲမြင့်ထွန်းနှင့် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးသိန်းထွန်းတို့ ထောက်ပံ့ပေးအပ်သည့်
ငွေကျပ် ငါးသိန်းဖြင့် သင်တန်းသားများအား နို့ဆန်ပြုတ်နှင့် သာဂူများ ကျွေးမွေးလှူဒါန်းခဲ့ကြောင်း
သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)

No comments